Friday, 30 January 2015

“The Plunder of Myanmar”


တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ကို လက်ဝါးကြီးအုပ်ကာ အတင်း အဓမ္မ ခိုးယူ လုယက်၊ အမြတ်ထုတ်ယူနေတယ်လို့ “The Plunder of Myanmar” ခေါင်းစဉ် ဖြင့် နယူးယောက်တိုင်းမ် သတင်းစာ အယ်ဒီတာအာဘော်ရဲ့ အခန်းကဏ္ဍ မှာ အခုလိုရေးသားဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Hua Chunying က တော့ နယူးယောက်တိုင်းမ် ၏ ရေးသားဖော်ပြချက်သည် တရုတ်- မြန်မာ ဆက်ဆံရေးကို ထိခိုက်မှု ဖြစ်စေရန် သွေးထိုး လှုံ့ဆော်ရေးသား မှုဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ပြောကြားသွားခဲ့သည်။

တရုတ်နိုင်ငံ က မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ကို ဘယ်လို လက်ဝါးကြီးအုပ်ကာ၊ ဘာတွေ ကို အတင်း အဓမ္မ ခိုးယူ လုယက် အမြတ်ထုတ်ယူနေသလဲဆိုတာကို သိချင်ရင်တော့ ဆောင်းပါးထဲမှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။

Thursday, 29 January 2015

The Plunder of Myanmar




 

China’s exploding appetites have unleashed a wholesale looting of Myanmar’s valuable natural resources. While this often involves outright theft, it also comes in the form of crony capitalism. Myanmar’s military elite has deals with Chinese companies that are eager to exploit the land, with little concern for the environment or people. The Kachin Independence Army, a rebel group that controls part of northeastern Myanmar, also takes a cut of some of this trade with China, especially jade hacked out of the earth by impoverished, heroin-addicted laborers.
This week, Chinese government officials were in Myanmar to investigate the detention of Chinese citizens suspected of illegal logging. Illegal timber sales to China, especially of Myanmar’s dwindling stocks of rosewood, have been a big problem, with the Environmental Investigation Agency, a nongovernmental group, warning that the trees could be extinct within three years.
China’s insatiable demand for tiger and leopard parts, bear bile and pangolins has helped to transform the town of Mong La, near the Chinese border, into a seedy center of animal trafficking, prostitution and gambling. Myanmar’s tiger population is by most estimates less than 70.
The pursuit of the valuable copper deposits in the country, formerly called Burma, has led to violence against Burmese who dare to object to the environmental and human costs. In 2012, the Myanmar police apparently used white phosphorus smoke bombs, usually reserved for warfare, to quell protesters angry over evictions to make room for the Letpadaung copper mine in central Myanmar, a joint venture between China’s Wanbao Mining company and the Myanmar military’s business arm. Last month, police officers opened fire on residents who were protesting evictions in the area, killing one woman with a shot to the head.
The people of Myanmar — as the protests make clear — want this plunder stopped. The country needs foreign investment that is respectful of human rights and the environment. It will be up to President Thein Sein to rein in the corruption and crony deals that are stripping away resources and creating political instability.

အစိုးရ ၀န်ကြီး ကတော်များက ကျောင်းသူများကို အသုံးချ၍ အပမ်းဖြေနေကြ



ဇန်နာဝရီလ (၂၉)ရက် ၂၀၀၁၅ ခုနှစ်
မြန်မာပြည်၏ တောင်ဘက်အစွန်စုံးဒေသဖြစ်သော လူသိထင်ရှားကျော်ကြားသည့် မူးယစ်ရာဇာများ နှင့် မာဖီးယား ဂိုဏ်းများ အမြဲတစေ လာရောက် အပမ်းဖြေလေ့ရှိသော သူဌေးကျွန်းသို့ ယနေ့ နံနက် ၁၁ နာရီခန့်တွင် တပ်မတော် ဇိမ်ခံ စစ်ရေယာဉ်ဖြင့် ကော့သောင်းမှ ရေမိုင် တစ်မိုင် ကျော်သာသာ ကလေးမျှသာဝေးသော အဆိုပါကျွန်းသို့ နိုင်ငံတော် ၀န်ကြီများ၏ ကတော် (၁၈) ဦးထက်မနည်း ရောက်ရှိလာသည်။
ကျွန်းပေါ်ရှိ အလုပ်သမားများ၏ လက်ကိုင်ဖုန်း ကင်မရာများကို လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အားလုံးသိမ်းဆီးထားပြီး အဆိုပါ ၀န်ကတော်များ ပြန်သွားကြပြီးမှပင် ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၀န်ကတောများအတွက် ကော့သောင်းမြို့ပေါ်မှ သူခေါ်ရင် အ.ထ.က ၁ နှင့် အဏ္ဏဝါ ကျောင်းမှ ကျောင်းသူလေးများ (၃၅) ဦးအား တပ်မတော်ရေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီး အဆိုပါ ၀န်ကတော်များ နားနေချိန်တွင် ဖျော်ဖြေရေး ဆိုင်ရာ ကိစ္စမျာကို အသုံးတော်ခံ တင်ဆက်ပေးနေရကြောင်းနှင့် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်း ပညာရေးမှူးမှ ယခု လိုက်ပါ၍ ဖျော်ဖြေပေးနေကြသော ခလေးများအား မည်သို့အနေထားနှင့် ဖြစ်စေ အားလုံး စာပေးပွဲ အောင်သွားအောင် ဆောင်ရွက်ပေးမည်ဟုလည်း သိရသည်။
အဆိုပါ ၀န်ကတော်များသည် သူဌေးကျွန်းပေါ်တွင် ၂၉ ရက် ညနေခင်း တခုတည်းမှာပင် ၀န်ကတော်များမှ ဒေသထွက် ပုလဲများနှင့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသော အလှတန်ဆာများအား ကျပ်သိန်းပေါင်း (၇၀၀၀) ဖို့ ၀ယ်ယူကြောင်း သိရပြီး ညဖက်များတွင်လည်း ၄င်းတို့အတွက် သီးသန့် စီစဉ်ပေးထားသော ခန်းမဆောင်တွင် ကျောင်းသူလေးများမှ အမျိုးမျိုးသော တင်ဆက်ကပြမှုများအား ပြုလုပ်နေပေးရကြောင်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးအတွင် နိုင်ငံအ၀ှမ်းမှ ကျောင်းသူ ကျောင်းသားများ သပိတ် စစ်ကြောင်းများဖြင့် အနယ်နယ်အရပ်ရပ်မှ ချီတက်တောင်းဆိုနေချိန်တွင် ထိုကဲ့သို့ ၀န်ကြီးကတော်များ လာရောက်၍ ကျောင်းသူကလေးများအား လုပ်အားခ မပေးပဲ ဆောင်ရွက်နေခိုင်းမှုသည် ကျောင်းသားများအား ယာတြာချေတာ ဖြစ်နိုင်ကြောင်း….သိရပါတယ်…………
ဂိုလ်ရှယ်လေး
ထူးခြား ဖြစ်စဉ်များရှိလာလျင် ဆက်လက် တင်ပြပေးပါမည်

ပြန်ကြားရေးဝန်ကြီး ရှင်းစမ်းပါအုံး



လက်ပံတောင်းဒေသတွင် လွှင့်တင်ထားသော တရုတ် ပြည်သူ့သမ္မတ နိုင်ငံတော် အလံများ သံတောင်သတ္တုတွင်းမှ လွှင့်တင်ထားသော ကိုရီးယားနှင့် အခြား အမည်မသိ အလံတော်များ ချင်းတောင်တန် တလျောက်တွင် လွှင့်တင်ထားသော တရုတ်နိုင်ငံအလံများ ကိုကိုကျွန်းတွင် လွှင့်တင်ထားသော တရုတ် အလံများ ရတနာ နှင့် ရွှေဂစ်တို့တွင် လွှင့်တင်ထားသော တိုင်းတစ်ပါးအလံများ စသောစသော အလံများကိုလည်း အမြန်ဖြုတ်ချခိုင်းပြီး မဖြုတ်ချပါက တရားစွဲမယ် ချေမှုန်းမယ်

လက်ပံတောင်း ( အရေးပေါ် ဖြစ်နေပြီ) ၀ိုင်းဝန်းပေးကြပါ



ဆည်တည်းရွာတောင်ဘက်အခြမ်းကို လုံထိန်းရဲအင်အား
သုံး၍ အကြမ်းဖက်အနိုင်ကျင့်ပြီးခြံစည်းရိုး ခတ်ရန် အာဏာပိုင်တို့ ရောက်ရှိလာသည့်အတွက် ရွာသားများ
တားမြစ်ကန့်ကွက်ရန် တစ်ရွာလုံးရှိလူကုန် ထွက် နေကြပြီ။
၂၅၊၁၊၂၀၁၅ ညနေ-၃း၂၉မိနစ်
ဆည်တည်းအရေးပေါ်အခြေအနေ
Ko Han Win Aung Just now

Tuesday, 27 January 2015

ဖေစ်ဘုတ် ကြားဖြတ်သတင်း

အမေရိကန် ပြည်ထောင်စုအရှေ့ ဖက်အခြမ်းမှာ ဖြစ်ပေါ်နေတဲ့ှနှင်းမုန် တိုင်းကြောင့် ဖေစ်ဘုတ်ရှာ ဗာ ရပ်ဆိုင်းသွား ပါတယ်။  ကျောင်သားလှုပ်ရှားမှုကို ဖေစ်ဘုတ်ပေါ်တွင် မတွေ့ နိင်တော့ပါ။  ကျနော်တို့ ဘလောက်မှာ အတတ်နိင်ဆုံးသတင်းများကိုဖေါ်ပြပေးပါမယ်။ 

Saturday, 24 January 2015

လက်ပတောင်း အတွက် သီချင်း

Friday, 23 January 2015

ယူရေနီယံ နဲ တေဇ ( ဒေါက် ခင်မောင်ညို ရေးသည်။ )

ယူရေနီယံ - တကယ်လား အိပ်မက်လား
Written by - ဒေါက်တာခင်မောင်ညို
“ကိုဘသစ်ရေ၊ လုပ်ငန်းရှင်တစ်ယောက်က ယူရေနီယံသတ္တု တွေ့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်တာကို တွေ့ရတယ်။ ယူရေနီယံဆိုတာ ဘာလဲ။ ဒါကိုတွေ့တာ အတော်အရေးကြီးလား ဆိုတာကို ပြောပြပေးပါဦး”
“ယူရေနီယံကို သင်္ကေတ U (symbol U) နဲ့ ဖော်ပြထားတယ်။ ဓာတုဗေဒအနေနဲ့ ကြည့်ရင် ယူရေနီယံဟာ အင်မတန် ဓာတ်ပြုအားကောင်းပြီး အဏုမြူသတ္တိကြွ (radio-active) သတ္တုပင်ဖြစ်သော်လည်း သဘာဝမှာ တစ်ခါတစ်ရဖူးမှ သတ္တုအနေနဲ့ မတွေ့ရပါဘူး”
“ဒါတော့မဖြစ်နိုင်ဘူး ကိုဘသစ်။ အဲဒီလုပ်ငန်းရှင်ပြောတာကို ရေးထားတဲ့ သတင်းစာတစ်ခုက သတ္တုတုံးတွေလို့ ပြောတယ်”
“တစ်ခုခုလွဲနေတာပါ။ ယူရေနီယံပါတဲ့ ကျောက်တုံးကို ပြောတာဖြစ်မှာပါ။ ဥမနကို ပြောတာနေမှာပါ။ ဥမနကို မြန်မာပြန်တော့ သတ္တုရိုင်းလို့ ပြန်တာကိုး။ ယူရေနီယံဟာ ဓာတ်ပြုအား အင်မတန်ကောင်းတယ်။ သတ္တုဘဝမှာ အမှုန့်လေးတွေအဖြစ် လေသလပ်ထားရင် သူ့ဘာသာသူ မီးလောင်သွားတယ်”
“ဘာတွေဖြစ်လာလဲ”
“မီးလောင်ရင် အောက်ဆိုက်ဖြစ်သွားတယ်။ သဘာဝမှာ သတ္တုအောက်ဆိုက် ဖြစ်နေတာပေါ့”
“ဟုတ်ပါတယ်။ အောက်ဆိုက်၊ ဒါမှမဟုတ် ဆာလဖိုက်လည်း ဖြစ်နေနိုင်ပါတယ်”
“ဆိုရင် ပြည်သူတွေနားလည်ရအောင် ယူရေနီယံအကြောင်း ပြောပြပေးပါဦး”
“ပထမရှင်းရရင်ရဲ့ အက်တမ်အမှတ်စဉ် မှာ ၉၂ ဖြစ်တယ်။ ဆိုလိုတာက သူ့မှာ ပရိုတွန် ၉၂လုံးနဲ့ အီလက်ထရွန် ၉၂ လုံးပါဝင်တယ်။ ခင်ဗျားတို့သိတဲ့ ဟိုက်ဒရိုဂျင်မှာ ပရိုတွန်တစ်လုံး အီလက်ထရွန်တစ်လုံးပဲ ပါဝင်တယ်။ ဒါကြောင့် သူ့ကိုအက်တမ် အမှတ်စဉ် (၁)လို့ ပေးထားတယ်။ ဓာတုဗေဒပညာမှာတော့ ယူရေနီယံကို အင်တီနိုက်အုပ်စုထဲမှာ ထည့်ဝင်ထားပါတယ်။ အလှည့်မှန်ဇယား (Periodic Table) မှာ လေ့လာနိုင်တယ်”
“သူဟာ တကယ်ပဲ အင်မတန်တန်ဖိုး ရှိတာလားဆိုတာကို သိချင်ပါတယ်”
“ယူရေနီယံဟာ တစ်ပေါင်ကို ၁၄၉ ဒေါ်လာရှိတယ်”
“ဒါဆိုရင် အရမ်းတန်ဖိုးကြီးတာတော့ မဟုတ်ဘူး။ ရွှေက တစ်အောင်စကို ဒေါ်လာ ၁၂ဝဝ ဝန်းကျင်ဈေးရှိတာပဲ”
“ဟုတ်ပါတယ်။ ယူရေနီယံ တစ်ပေါင် ဆိုတာ ၁၆ အောင်စ ရှိတာပဲပေါ့။ တစ်အောင်စကို ၁ဝ ဒေါ်လာမပြည့်ဘူး”
“ဘယ်နေရာမှာ အဓိကသုံးတာလဲ ကိုဘသစ်”
“သူ့ကို အဏုမြူဓာတ်ပေါင်းဖိုတွေမှာ အဓိကလောင်စာ (mainfuel) အနေနဲ့ အသုံးပြုတယ်။ အဲဒီကနေတစ်ဆင့်ရတဲ့ ပလူတိုနီယံလိုကျတော့ အဏုမြူဗုံး လုပ်လို့ရတယ်”
“အဏုမြူဓာတ်ပေါင်းဖိုဆိုတာ လျှပ်စစ်ဓာတ်ထုတ်ပေးတဲ့ စက်ရုံ (Generator) တွေပဲ မဟုတ်လား”
“ဟုတ်ပါတယ်”
ကိုဘသစ်သည် အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယား (Pennsylvania) တွင် ပထမဆုံး တည်ထောင်ခဲ့သည့် ဓာတ်ပေါင်းဖိုကို စာအုပ်ထဲမှ ကျွန်တော့်အားပြသည်။
“အဲဒီစက်ရုံက လျှပ်စစ်ဓာတ် (60,000 kw) ကိုထုတ်တယ်။ ဒီပမာဏ လျှပ်စစ်ဓာတ် ထုတ်ဖို့ တစ်လကို ကျောက်မီးသွေး ပေါင်သန်း(၄ဝ) လိုတယ်။ ဒါပေမဲ့ ယူရေနီယံ ၁၅ ပေါင်ပဲလိုတယ်”
“တယ်ဟုတ်ပါလား။ ကျွန်တော်တို့ဆီ အဆင်ပြေတာပေါ့”
“ဒီလိုလည်း မဟုတ်သေးဘူး။ ကျွန်တော်တို့ဆီမှာ ရှိတယ်ဆိုရင်လည်း သဘာဝယူရေနီယံမှာ uranium-238 နဲ့ uranium- 235 တို့ ရောပြီးပါနေတယ်။ အဏုမြူသတ္တုကြွတာက uranium-235 ပဲ။ သူက လောင်စာလုပ်ဖို့ အသုံးဝင်တယ်။ ဒါပေမဲ့ သူဟာသဘာဝယူရေနီယံမှာ အတော်နည်းနည်းပဲ ပါဝင်တယ်။ သူ့ကိုများလာအောင် လုပ်ရတာ အတော်ခက်တယ်”
“ဘယ်လိုလုပ်ရတာလဲ”
“သူတို့ဟာ ဓာတုဗေဒဂုဏ်သတ္တိတွေ အားလုံးတူတော့ သူတို့ကို ဓာတုဗေဒနည်းအရ ခွဲထုတ်လို့မရဘူး။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင် ရာနည်းဖြစ်တဲ့ ဗဟိုခွာအားနည်းနဲ့ သုံးချင်သုံး ဒါမှမဟုတ် Diffusion နည်းနဲ့ သုံးရတယ်။ အရင်ခေတ်ကတော့ Diffusion နည်းကို အသုံးများတယ်။ ဒါဟာ စိတ်ရှည်သည်းခံရတဲ့ နည်းပါပဲ။ Diffusion နည်းနဲ့လုပ်ရင် Diffusion Plant ဆိုတဲ့ စက်ရုံဟာ မိုင် ၂ဝ လောက် ရှည်လျားရတယ်”
“အတော်ရှည်ပါလား”
“ဟုတ်ပါတယ်။ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်မှာ ပါကစ္စတန်မှာ အဏုမြူဗုံးလုပ်မယ် သတင်းကြားတော့ စီအိုင်အေစတဲ့ ထောက်လှမ်းရေးတွေက ဂြိုဟ်တုကနေကြည့်တော့ တောင်တန်းတွေအကြားမှာ Diffusion Plant ကိုတွေ့တယ်။ ဒီအကြောင်းကို အနောက်တိုင်း သတင်းစာတွေက ရေးတာဖတ်ဖူးတယ်။ နောက်ငါးနှစ်ဝန်းကျင်မှာ ပါကစ္စတန်က အဏုမြူဗုံးလုပ်နိုင်တော့မယ်လို့ ခန့်မှန်းကြတယ်”
“သူတို့ခန့်မှန်းတဲ့အတိုင်း ဖြစ်လာတာပဲ ပေါ့ဟုတ်လား”
“ဟုတ်ပါတယ်။ နောက်ပိုင်းမှာ ဗဟိုခွာအားနည်းကို Diffusion နည်းနဲ့ တွဲသုံးလာကြတယ်။ အီရန်မှာ Diffusion လုပ်ဖို့ လိုဏ်ဂူတွေထဲမှာ စက်ရုံဆောက်တော့ ဂြိုဟ်တုက မမြင်ရတော့ဘူးပေါ့”
“ကျွန်တော်တို့ နိုင်ငံမှာလည်း နေပြည်တော်ဝန်းကျင်မှာ လိုဏ်ဂူတွေတူးတာဟာ ဒီလို Diffusion နည်းနဲ့ လုပ်ဖို့ပဲလား”
“ဒါကို အချို့ အနောက်တိုင်း သတင်းစာတွေက ရေးတာကို ဖတ်ဖူးတယ်”
“မြန်မာပြည်ကတော့ မရေးဘူးလား”
“မရေးဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ကိုရေးရင် ထောင်ကျကုန်မှာပေါ့။ နောက်ပြီးတို့က သေသေချာချာလည်း မသိဘူး”
“ဒါဆို ဟိုသတင်းစာတွေက ဘယ်လိုသိတာလဲ”
“ခေတ်မီထောက်လှမ်းရေးနည်းတွေ စက်ကိရိယာတွေ အများကြီးရှိတယ်။ အီရန်မှာ အဏုမြူဗုံးလုပ်ဖို့ ကြိုးစားတာတို့၊ မြောက်ကိုရီးယားမှာ အဏုမြူဗုံးလုပ်ဖို့ ကြိုးစားတာတို့ကို သိနေကြတာပဲ”
“ဒါဆိုရင် ကျွန်တော်တို့ဆီ ယူရေနီယံ တွေ့ပြီဆိုတော့ ဒီလိုအဏုမြူဓာတ်ပေါင်းဖိုတွေ အဏုမြူဗုံးတွေလုပ်ဖို့ အခြေအနေ ပေးလာတယ်ပေါ့ ဟုတ်လား”
“ဆရာညိုပြောသလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယူရေနီယံက အဓိကမဟုတ်ဘူး။ ကျွန်တော့်မှာ စာရင်းဇယားရှိတယ်။ အချက်သုံးချက်နဲ့ ခင်ဗျားကိုရှင်းပြမယ်။ ပထမက သဘာဝယူရေနီယံကိုရဖို့ အဆင့်ဆင့် ခွဲထုတ်ရတယ်။ ဒီလိုရလာပြီးရင် အသုံးပြုနိုင်တဲ့ Uranium-235 ဟာ တစ်ရာခိုင်နှုန်းထက် မပိုဘူး။ ဒါကို စောစောက ကျွန်တော်ပြောတဲ့ နည်းတစ်နည်းနဲ့ ပါဝင်ကိန်းများလာအောင် လုပ်ရတယ်”
“Uranium-235 ဟာ သဘာဝမှာ သူ့ဘာသာသူ များနေတာရော မဖြစ်နိုင်ဘူးလား”
“မတွေ့ဖူးသေးဘူးဆိုတော့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ ဒုတိယအချက်ကို ပြောပြမယ်။ ၁၉၉ဝ ခုနှစ် စာရင်းဇယားအရ အမေရိကန်ပြည်ထောင်စု သန့်စင်ပြီး Uranium-235 ပါဝင်မှုများတဲ့ ယူရေနီယံ ၃၄၁၇ မက်ထရစ်တန်ကို ထုတ်လုပ်တယ်။ ကနေဒါက ၈၇၂၉ တန်ထုတ်လုပ်တယ်။ ကမ္ဘာမှာ စုစုပေါင်း ထုတ်လုပ်မှုဟာ တန်ပေါင်း ၂၉၁ဝဝ ရှိတယ်။ ဒါတွေက Concentrate လုပ်ပြီးသား။ အသင့် သုံးလို့ရတဲ့ ယူရေနီယံတွေပါ”
“အများကြီးပါပဲလား။ ကျွန်တော်တို့က သတ္တုရိုင်း သုံးလေးပိဿာကို အတော်များနေတယ်ထင်တာ”
“ဟုတ်ပါတယ်။ သူတို့ကို Concentrate လုပ်လိုက်ရင် ဘယ်လောက်မှ မရနိုင်ပါ ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပြောရတာ စောသေးတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တဲ့ တတိယအချက် တစ်ခုရှိသေးတယ်”
“ဘာကိုလဲဗျ”
“လွန်ခဲ့တဲ့ နှစ်လေးဆယ်က ကျွန်တော် တို့နိုင်ငံကို အာဏာသိမ်း အစိုးရခေါင်းဆောင် ဦးနေဝင်း အုပ်ချုပ်တယ်။ သူက စစ်ခေါင်းဆောင်ဆိုတော့ ဘာမဆိုသိတယ်လို့ ထင်နေတယ်”
“ဒါကတော့ဗျာ၊ ချမ်းသာတဲ့ နိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံ လုပ်သွားတာပဲ”
“ထားပါတော့၊ အဲဒီအချိန်မှာ ပဲခူးသန်းအောင်က ဦးနေဝင်းကို ရေဆင်တစ်ကောင် ကိုပေးတယ်”
“သေနေတဲ့အကောင်မဟုတ်လား”
“ဟုတ်ပါတယ်။ သူက ဆင်တွေကြောက်တဲ့ အကောင်လို့ မြန်မာပုံပြင်ထဲတွေမှာ ပါတယ်။ သေးသေးလေးပါ။ ဒီလိုပေးတာ နိုင်ငံပိုင် သတင်းစာတွေထဲ ပါလာသေးတယ်။ ဦးနေဝင်းက အမြတ်တနိုးနဲ့ လက်ခံပြီး ဓာတ်မှန်ရိုက်ထည့် လိုက်တော့မှာ ကြွက်ကို တွယ်ချိတ်နဲ့ နှာမောင်းတွေတပ်ပြီး လုပ်ကြံထားတာ ဖြစ်နေတယ်”
“ဆိုးတယ်နော်။ အခု ယူရေနီယံနဲ့ ဘာဆိုင်လဲ”
“ကျွန်တော်က အလိမ်တွေများ ဖြစ်နေမလားလို့ပါ။ အရင်ကတည်းက သတ္တုတွင်း ဝန်ကြီးဌာနက ရှာပြီးသားပါ။ အနည်းအကျင်းပဲ ရှိတယ်ဆိုတဲ့ Report ရှိတယ်။ ကျွန်တော်ကိုယ်တိုင် လေ့လာခဲ့ဖူးပါတယ်။ ဒီတော့ ဒါတွေဟာ ရေဆင်လို အညာဖြစ်နေမလား ဆိုတာပါပဲ”
“ဒီတစ်ခါ ကိုဘသစ် မှားသွားပြီး သိပ္ပံနဲ့ နည်းပညာဓာတ်ခွဲခန်းက စစ်ဆေးပြီးသွားပြီ။ မှန်ကန်ပါသတဲ့”
“ဒါကိုပြောတာပါ။ ကျွန်တော်ဖြစ်နိုင်ချေကို ပြောသွားတာပါ။ ပထမအချက်က ၁၉၈၉ ခုနှစ်မှာ ရုရှားတွေ အာဖဂန်က ပြန် ထွက်တော့ သူတို့ရဲ့အဏုမြူဘက်ထရီတွေ ကျန်ခဲ့တယ်လို့ဆိုတယ်။ အဲဒီဘက်ထရီတွေ ထဲမှာ ယူရေနီယံတွေပါတယ်။ အဲဒီဘက်ထရီက Concentrate လုပ်ထားတဲ့ ယူရေနီယံတွေ မြန်မာပြည်ထဲကို ရောက်လာနိုင်တယ်”
“မြန်မာပြည်နဲ့ အာဖဂန်နစ္စတန်က အဝေးကြီးပဲ မဟုတ်လား”
“ဟိမဝန္တာတောင်ကို ကျော်လိုက်ရင် မြန်မာပြည်ကို ရောက်လာတာပဲ။ အရင်ခေတ်က စွန်ပလွန်ယိုလို သစ်သီးရောင်းတဲ့ အာဖဂန်တွေကို ကာဘူလီဝါလားတွေဟာ မြန်မာပြည်ကို ရောက်လာလေ့ရှိတယ်”
“အင်း။ သူတို့က မကြောက်မရွံ့ ယူလာတယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ”
“မှန်ပါတယ်။ အဲဒီ Concentrate လုပ်ထားတဲ့ ယူရေနီယံတွေဟာ ဂမ္မာဓာတ်ရောင်ခြည်တွေထွက်ပြီး အန္တရာယ်ကြီးတယ်။ နောက်တစ်ခုကတော့ ရုရှားကနေ တိုက်ရိုက်ခိုးထုတ်လာတဲ့ ယူရေနီယံ Concentrate တွေလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပိတ်ဆို့ထားလို့ ယူရေနီယံ Concentrate ကို ဝယ်လို့မရဘူး။ ဒီတော့ ခိုးဝင်လာတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီလုပ်ငန်းရှင်ဆိုတာလည်း ရုရှားနဲ့ နီးစပ်တာပဲ”
“ဒါကတော့ မစွမ်းရင်းကလည်းရှိက စွန်းခင်းကလည်းညှိ ဆိုတာမျိုးပေါ့။ အဏုမြူနဲ့ပတ်သက်ပြီး မြန်မာပြည်ကိုလာတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်း ပြဿနာလည်း ကြားဖူးသေးတယ် မဟုတ်လား”
“ ပြန်လှည့်သွားပါတယ်။ ကျွန်တော်ကတော့ သိပ္ပံကိုပြောတာပါ”
“ဘာကိုဆိုလိုတာလဲ”
“အပြင်မှာ ဘယ်လိုလိမ်ညာချင်လိမ်ညာ သိပ္ပံကိုတော့ လာညာလို့မရဘူး။ တော်ကြာ “ရေဆင်လို အရှက်တွေကွဲမှာစိုးလို့ပါ”
ပုံစာ - ယူရေနီယံသတ္တုပါဝင်သည့် Torbernite ကျောက်ရိုင်းတုံး တစ်တုံးကို တွေ့ရစဉ် (Photo : Wikipedia)

Thursday, 22 January 2015

Yale Young Global Scholars

 မြန်မာ ပြည် က High School ကျောင်းသားများ အတွက် yale University က ပေးတဲ့ scholarship ပါ အမေရိကန် နွေရာသီ ၃လ ( June, July, August) တက်ရောက်ရ မှာ ဖြစ်ပါတယ် ..Feb 26,2015 due dateနောက် ဆုံးပါ..အဓိက ပေးတာကတော့ နိင်ငံရေး စီးပွားရေး အပြည်ပြည်ဆိုင်ရာ အုပ်ချု ပ်ရေး ဆိုင်ရာ စီမံ ခံခွဲမှူ့ သိပ္ပံ စတာတွေ ကို ပို့ချပေးမှာ ဖြစ်ပါတယ် ...ရှယ်ပေး ကြ ပါ ... နောင် မျိုး ဆက် ခေါင်းဆောင် ကောင်းတွေ ပေါ်ထွန်း လာနိုင်ပါတယ်

2015 YYGS Scholarship: Myanmar

January 13, 2015
Yale Young Global Scholars Program announces a new scholarship for students from Myanmar to attend American high school summer program
This scholarship will cover tuition, airfare and travel expenses to the program at Yale University in New Haven, Connecticut in summer 2015.
The program is open to students who have one or two years of secondary school remaining, and offers three different two-week sessions. The Yale Young Global Scholars Program is a rigorous academic experience, featuring lectures from renowned Yale faculty.
Admission to YYGS is competitive. Applications are available online at http://globalscholars.yale.edu/.
To be eligible for the full scholarship, applicants must:
  • Be a citizen of Myanmar and currently living in Myanmar;
  • Have attended school in Myanmar for most of the applicant’s education;
  • Complete the Yale Young Global Scholars online application, including the financial aid portion
The application deadline is February 26, 2015.
The Yale Young Global Scholars Program is an academic enrichment and leadership-training program for talented high school students from around the world, who live and study on the Yale campus during the summer. The program features intensive undergraduate-level coursework and interaction with renowned Yale faculty and practitioners in the fields of history, political science, law, economics, international affairs, public health, and environmental science.
Students may apply to any of the three, two-week summer sessions offered: Politics, Law, and Economics (June 23-July 6) focuses on important ideas and thinkers in the American political and intellectual tradition; International Affairs and Security (July 9-22) explores strategic lessons from history and their application to contemporary international affairs; and Science, Policy, and Innovation (July 25 – August 7) examines interdisciplinary approaches to global health, energy and environment, and climate change.
Last summer, 48% of the Yale Young Global Scholars attended high school outside the United States, representing 80 different countries. Participants bring a wide array of perspectives into the classroom, fostering international awareness and further enhancing the stellar academic curriculum.

Take Action Now on Crimes Against Humanity


ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု - Reform Education Now!


သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန်ပေါင်း ၅၇ သိန်းကျော်ကို ထုတ်ယူခွင့်ပေး




အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန် ၅၇ သိန်းကျော် ထုတ်ခွင့်ပေးပြီး ထူး၊ မြတ်နိုးသူ၊ တင်ဝင်းထွန်း ကုမ္ပဏီတို့ အများဆုံးထုတ်ခွင့်ရ၊ ယခင် တစ်နှစ် တန် ၁၅ သိန်းဝန်းကျင်သာ ထုတ်ခွင့်ပြုခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တစ်နှစ်တည်းနှင့် တန်ချိန် ၂၃ သိန်းကျော်အထိ ထုတ်ခွင့်ပြု။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန်ပေါင်း ၅၇ သိန်းကျော်ကို ထုတ်ယူခွင့်ပေးခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ခွင့်ပြုပေးချက်များအရ သိရသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၂၃ သိန်းကျော်ကိုလည်းကောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁၇ သိန်း နီးပါးကိုလည်းကောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁ဝ သိန်းနီးပါးကိုလည်းကောင်း၊ ယခု ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၇ သိန်းကျော်ကိုလည်းကောင်း ထုတ်ယူခွင့်ပေးခဲ့ပြီး လေးနှစ်အတွင်း စုစုပေါင်းတန်ချိန် ၅၇ သိန်းကျော်အထိ ထုတ်ယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ထုတ်ယူခွင့် ပေးရာတွင်လည်း ထူး၊ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီများမှ အများဆုံး ထုတ်ယူခွင့်ရရှိ ခဲ့ကြကြောင်း စာရင်းများအရ သိရသည်။
ထူးကုမ္ပဏီသည် လေးနှစ်အတွင်း ကျွန်းသစ်တန်ချိန်ပေါင်း ၁၂၁၄၅ဝ ထုတ်ယူခွင့်ရရှိပြီး သစ်မာတန်ချိန်ပေါင်း ၁ဝ၄၇၅ဝ ကို ထုတ်ယူခွင့် ရရှိခဲ့သည်။
ကျွန်းသစ်ထုတ်ယူခွင့် ရရှိသည့် ကုမ္ပဏီများထဲတွင် ထူးကုမ္ပဏီက အများဆုံးကျွန်းသစ် ထုတ်ယူခွင့်ရရှိသည့် ကုမ္ပဏီဖြစ်သည်။
မြတ်နိုးသူ ကုမ္ပဏီမှာလည်း ကျွန်းသစ်တန်ချိန် ၆၃ဝဝဝ နှင့် သစ်မာတန်ချိန်ပေါင်း ၅၂၁ဝဝဝ ထုတ်ယူခွင့်ရရှိခဲ့ရာ သစ်ထုတ်ခွင့်ရသည့် ကုမ္ပဏီများအားလုံးထဲတွင် သစ်မာထုတ်ယူခွင့် အများဆုံးရသည့် ကုမ္ပဏီဖြစ်သည်။
တင်ဝင်းထွန်း ကုမ္ပဏီမှာလည်း ကျွန်း ၁၇,၃ဝဝ တန်၊ သစ်မာ ၄၃၆,၃ဝဝ တန်ထုတ်ယူခွင့်ရရှိပြီး ဒုတိယ သစ်မာအများဆုံး ထုတ်ယူခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
ယခုလေးနှစ်အပါအ၀င် ဆယ်စုနှစ်တစ်စုအတွင်း ဆိုပါက ထူးကုမ္ပဏီတစ်ခုတည်းကို ဌာနမှ သစ်ထုတ်ယူခွင့် ပေးခဲ့သည့် ပမာဏမှာ ခန့်မှန်းခြေ တန်ချိန် ၁ သန်း နီးပါးအထိ ရှိနိုင်သည်ဟုလည်း သစ်လုပ်ငန်းရှင်အချို့က ခန့်မှန်းထားကြသည်။ (ထူးကုမ္မဏီ၏ ခုတ်ယူခွင့်ရ တန်ချိန် အတိအကျကို ဌာနမှ ထုတ်ပြန်ပေးထားခြင်း မတွေ့ရပါ)။
ယခုနောက်ပိုင်း ရောက်ရှိမှသာ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီများက အများအပြား သစ်ထုတ်ခွင့် ရလာခြင်းဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များကဆိုသည်။
သစ်ထုတ်ယူခွင့်တွင် ထိပ်ဆုံး၌ ထူးကုမ္ပဏီအနေဖြင့် ပါဝင်သော်လည်း ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၅ ဦး၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး စာရင်းများတွင် ပါဝင်လာခြင်း မရှိခဲ့ကြောင်းကိုလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အတူ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီတို့မှာလည်း လေးနှစ်ဆက်တိုက် ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း စာရင်းများတွင် ထိပ်ပိုင်း ၁ဝ ဦးအတွင်း ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်သစ်ထုတ်ယူခွင့်ပြုရာ၌ ၂ဝဝ၁-၂ဝဝ၂ ခုနှစ်မှစ၍ ယခု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်း သစ်တန်ချိန်ပေါင်း ၂၁ သန်းနီးပါးအထိကို ခုတ်ယူခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ထုတ်ယူခွင့်ပြုရာတွင်လည်း တရားဝင်ထုတ်ယူခွင့်ပေးသည့် စာရင်းအရ ယခင်အစိုးရလက်ထက်၌ စံချိန်တင် သစ်ထုတ်ယူခွင့်ပြုသည့် နှစ်မှာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်ဖြစ်ပြီး တန်ချိန်ပေါင်း ၁၆၄၈၉၆၈ တန် ထုတ်ယူခွင့်ပြုခဲ့သည်။
သို့သော် ယခုအစိုးရ လက်ထက်တွင်မူ စတင်တာဝန်ယူသည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်၌ပင် တစ်နှစ်အတွင်း သစ်တန်ချိန်ပေါင်း ၂၄ သိန်းနီးပါးအထိ ထုတ်ယူခွင့်ပေးခဲ့ရာ ၁၄ နှစ်တာကာလအတွင်း စံချိန်တင် သစ်ထုတ်ယူခွင့် ပေးခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်ကို ထုတ်ပြန်ထားချက်များအရ သိရသည်။
ထိုမျှမက ပြည်ပသို့ ကျွန်းနှင့် သစ်မာတင်ပို့ရာတွင်လည်း နှစ်ပေါင်း ၂ဝ အတွင်း အများဆုံးစံချိန်တင် တင်ပို့ခွင့်ပြုခဲ့မှုမှာလည်း ယခုသမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ဖြစ်ကြောင်း သိရသည်။
ယခင်အစိုးရ လက်ထက်က နှစ်ပေါင်း ၂ဝ အတွင်း အများဆုံး တင်ပို့ခဲ့သည့်နှစ်မှာ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်ကဖြစ်ပြီး တန်ချိန်ပေါင်း ၁ဝ သိန်းကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရ လက်ထက်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က တန်ချိန်ပေါင်း ၁၂ သိန်းကျော်အထိ တင်ပို့ခဲ့ပြီး ယခင်အစိုးရ လက်ထက်က စံချိန်ကို ရိုက်ချိုးခဲ့ကြောင်း၊ ထပ်မံ၍ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကလည်း တန်ချိန်ပေါင်း ၁၅ သိန်းကျော်တင်ပို့ခဲ့ပြီး ထပ်မံစံချိန်တင် တင်ပို့ခဲ့ကြခြင်းလည်း ဖြစ်သည်။
ယခင်အစိုးရ လက်ထက်က ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း သစ်တန်ချိန် ၂၅ သန်းကိုသာ ပြည်ပသို့ တရားဝင် တင်ပို့ခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင်မူ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း တန်ချိန်ပေါင်း ၃၇ သန်းကျော်အထိ တန်ချိန်ပေါင်းများစွာ ပိုမိုတင်ပို့ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အတွက် စံချိန်တင်သစ်ခုတ်ခွင့်နှင့် သစ်ပို့ခွင့်ကို ယခုအစိုးရ လက်ထက်တွင်သာ အများဆုံးပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
၁၄ နှစ်အတွင်း သစ်ထုတ်ယူခွင့်များကို များပြားစွာ ခွင့်ပြုခဲ့သော်လည်း သစ်ထုတ်ယူခွင့် အများဆုံးရရှိသည့် ထူး၊ မြတ်နိုးသူ၊ တင်ဝင်းထွန်း ကုမ္ပဏီများအပြင် လေးနှစ်အတွင်း သစ်အများဆုံး ထုတ်ယူခွင့်ရသည့် ထိပ်ဆုံး ကုမ္ပဏီ ၁ဝ ခုထဲတွင် ပါဝင်သည့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော Lucre Wood၊ ယခင်စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းသားဖြင့် ပတ်သက်သည့် MRT ကုမ္ပဏီ၊ Nature Timber၊ Wood World၊ Momentum၊ ထွန်းမြတ်အောင် စသည်ဖြင့် ကုမ္ပဏီများသည်လည်း ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦးအတွင်း အဆိုပါကုမ္ပဏီ အမည်များဖြင့် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
Written by - မာန်သူရှိန်
eleven

မျိုးစောင့်ဥပဒေ မူကြမ်းများ အမေရိကန် အပြင်းအထန် ဝေဖန်


Wednesday, 21 January 2015

Burma: Reform Education NOW !

 " တိုင်းပြည်တပြည်ရဲ့ အနာဂတ် နှင့် ဖွံ့ဖြိုးတိုးတက်မှု ဟာ အဲဒီနိုင်ငံရှိ အုပ်စိုးသူ အစိုးရတွေ က လူထု ပညာရေး အပေါ် ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံမှုရှိသလဲ၊ တန်ဘိုးထားတက်မှု ရှိသလဲ အပေါ် မှုတည်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အုပ်စိုးသူ အစိုးရ ဟာ အာဏာ တည်မြဲရေး အတွက် ပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာကြမဲ့ ကျောင်းသူ ကျောင်းသားတွေ ကို ရန်သူလို ပြုမှုဆက်ဆံနေရင်တော့ အဲဒီနိုင်ငံဟာ အနာဂတ်မှာ အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်နေမှာပါပဲ။ Failed State ဆိုတဲ့ ကျဆုံးတဲ့နိုင်ငံ ဖြစ်လာမှာပဲ။ "

ကချင်ဆရာမ လေးနစ်ဦး မြန်မာ စစ်တပ် မှ ရက်စက်စွာ အဓမ္မပြုကျင် သတ်ဖြတ်

သတင်း

အဓမ္မပြုကျင့် အသတ်ခံရသည့် ကချင်ဆရာမ ၂ ဦးကို မြစ်ကြီးနားတွင် သင်္ဂြိုဟ်မည်

Hits:1,716
ကချင်, မုဒိမ်းမှု
အသတ်ခံရသူနှစ်ဦးအတွက် ဆုတောင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – KBC)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ်မြို့၊ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘာသာရေး ကျောင်းဝင်းအတွင်း အဓမ္မပြုကျင့်ပြီး သတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ရုပ်အလောင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သဂြိုဟ်မည်ဟု သိရသည်။
အဆိုပါ ရုပ်ကလာပ်ကို မူဆယ်မြို့မှ မြစ်ကြီးနားမြို့သို့  ယနေ့ ညနေပိုင်းတွင် စတင် သယ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ကြီးနား ဗဟို ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) တွင် ထားရှိကာ မနက်ဖြန်တွင် သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း မူဆယ်မြို့ KBC မှ ဦးဘရန်စန်က ဧရာဝတီသို့ ပြောသည်။
“ညနေ ၅နာရီ ကစထွက်မယ်။ မြစ်ကြီးနားမှာ ဇန်နဝါရီ ၂၂ ရက် ညနေ ဒါမှမဟုတ် ဇန်နဝါရီ ၂၃ ရက် မနက်မှာ  သင်္ဂြိုဟ်သွားမယ်” ဟု ဦးဘရန်စန်က ဆိုသည်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နှင့် လုရာ တို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့်  ဆင်းရဲသော ကောင်းခါကျေးရွာမှ  ကလေးငယ်များကို အခမဲ့ လာရောက် ပညာသင်ကြားပေးနေသူများ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ တည်းခိုရာ အိမ်ခန်းတွင်  သေဆုံးနေကြသည်ကို  တွေ့ရကြောင်း ကောင်းခါး ကျေးရွာမှ ဒေသခံများက ဆိုသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး၊ DNA စစ်ရန် လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်သည်ဟု မူဆယ်မြို့ ပြည်သူ့ဆေးရုံးမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်ဆိုင်း ကြူကုတ် ရဲစခန်းမှ စခန်းမှူး ဇော်မင်းထွန်းက “အခင်းဖြစ်တဲ့ ကောင်းခေါင်း ကျေးရွာကို ဒီနေ့ မနက် ၉နာရီခွဲမှာ ထပ်ရောက်ပါတယ်။ လက်ရှိမှာတော့ အခြေအနေကို ဘာမှ ပြောလို့ မရသေးပါဘူး။ ဒီအမှုကို အချိန်ယူပြီး စုံစမ်းရမယ်။ ကျနော်တို့ ရဲတွေ တပ်တွေ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွား ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ကိုလည်း စခန်းမှူး ဇော်မင်းထွန်းက ဆိုသည်။
ထို့အပြင် ကောင်းခါးရွာ (ပန်ဆိုင်း ကြူကုတ် အနီး) အုပ်ချုပ်ရေးမှူး ဦးလာဆိုင်းကလည်း ယနေ့ နံနက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာကို ထပ်မံရောက်ရှိပြီး DNA စစ်ရန်အတွက် ဆံပင်များ၊ ကျန်နေသည့် ပစ္စည်းများကို စုဆောင်း နေကြောင်း၊ ထိုနေရာတွင် မီးဖိုချောင်သုံး ဓားတချောင်း ရှိနေကြောင်းကိုလည်း ဧရာဝတီသို့ ပြောပြသည်။
“ကျနော်တို့လည်း တတ်နိုင်တဲ့နည်းလမ်းကနေ လုပ်ဆောင်သွားမယ် ကူညီသွားမယ်။ ငြိမ်းချမ်းရေး ထိခိုက်ဖို့ အတွက်ဆိုတာ ပုဂ္ဂိုလ်နဲ့လား ပေါ်လစီနဲ့ လုပ်တာလားဆိုတာပဲ။ ဒီတပ်မတော်နဲ့ ဒီလို ကိစ္စကို မကြာခဏဖြစ်နေတော့ ဒီလို ထပ်မဖြစ်အောင် နိုင်ငံတော၊် တပ်မတော်ကြီးအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ကိုလည်း ထိခိုက်စေတဲ့ ကိစ္စကို ကြပ်ကြပ်မတ်မတ် ပြုလုပ်ပေးဖို့ လိုပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်မှ ဦးစန်းအောင် က ဧရာဝတီသို့ ပြောသည်။

Tuesday, 20 January 2015

တောင်သမန် ဘေး ပတ်လည် မြေကွက် တွေကို တရုပ်ကိုရောင်း ပြီ လူထု အတွက် Recreation နေရာ မကျန် သလောက်ဖြစ်လာနေတယ်။

တောင်သမန်ပါတ်လည်မြေတွေကိုတရုပ်ကဈေးအဆမတန်ပေးပြီးသိမ်းပြီ။
တရုတ်လူမျိုး လုပ်ငန်းရှင် တစ်ဦးက တောင်သမန်အင်း မြေယာများကို ကာလပေါက်ဈေးထက် ၁၀ဆ ဈေးပိုပေး ၀ယ်ယူနေ
မန္တလေး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်းကြီး အတွင်းမှ မြေယာကွက်များကို တရုတ်နိုင်ငံသား လုပ်ငန်းရှင် တစ်ဦးက လူအများအား ဖြန့်ကျက်၍ ကာလပေါက်ဈေးထက် ၁၀ဆပေးကာ သိမ်းဆည်း ၀ယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
“အင်းကြီးရဲ့ တောင်ဘက်အပိုင်း ရေအတွင်းမြေ တော်တော်များကို တောင်သူတွေက ရောင်းချပြီးသွားပြီ။ မြေပွဲစားတွေနဲ့ အရောင်းအ၀ယ် လုပ်ကြတာ၊ မြေဈေးက တစ်ဧကကို ကျပ်သိန်း ၁၀၀က အစပြုပြီး အရောင်းအ၀ယ် ဖြစ်ကြတာ၊ ခုကျပ်သိန်း တစ်ထောင်ထိတောင် မတန်တဆ ဈေးပေးပြီး၊ အင်းမြေ တစ်လျှောက်လုံး သိမ်းကျုံးဝယ်ယူသွားတာ။ တောင်သူတွေ ကလည်း လုပ်ကိုင် စားသောက်လို့ မရတဲ့ အတူတူ မတန်မဆ ဈေးကလည်းရတော့ ရောင်းကြတယ်။ ရပ်ကျေး ဥက္ကဋ္ဌကိုလည်း အသိပေးခြင်း မရှိဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အရောင်းအ၀ယ် လုပ်ကြတာ”ဟု အမရပူရမြို့နယ် ဥယာဉ်တော်အုပ်စု ရပ်ကျေး ဥက္ကဋ္ဌ ဦးချစ်ညိုက ပြောကြားသည်။
တောင်သမန် အင်းကြီးအား ငါးမွေးမြူရေး အင်းကြီး အဖြစ် ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ်ပေါင်း နှစ်ဆယ်ခန့် လုပ်ပိုင်ခွင့်ပြုထားခဲ့ သောကြောင့် တောင်ယာ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသော တောင်သူများ အနေဖြင့် ယခုကဲ့သို့ မြေယာများအား ငွေကြေး အဆမတန်ပေး ၀ယ်လာသူရှိခိုက် ရောင်းချကြခြင်း ဖြစ်ကြောင်း တောင်သမန် ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်ဇော်မှလည်း ပြောကြားသည်။
“ရေအောက်က မမြင်ရတဲ့မြေကို ဒီလိုငွေကြေး အဆမတန်ပေး ၀ယ်ကာ အံ့သြမိတယ်။ တောင်သူတွေ အနေနဲ့ကလည်း လုပ်ကိုင်စားသောက်လို့ မရတဲ့အတူတူ ရောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမြေယာက ကိုင်းမြေပါ။ ဒေသအခေါ်ဆို မရင်းမြေပေါ့။ မရင်းစပါးစိုက်တယ်။ ကျွန်တော်တို့ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်စားသောက်ခဲ့ကြတာ၊ န၀တ ခေတ်ကတည်းက လုပ်စားလို့ မရတော့ဘူး။ ပိုင်သာပိုင် မဆိုင်တဲ့ အဖြစ်ကို ရောင်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်၊ ခုလို ငွေကြေးအများကြီး ပေးဝယ်မယ့်သူ ပေါ်လာတော့ ရောင်းပစ်ကြတယ်” တောင်သူများက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (န၀မနေ့)တွင် အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် ၂မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက တောင်သမန်အင်းကြီး အတွင်းမှ မြေယာ ကွက်များအား ပြန်လည်ချထားပေးရန် အဆိုနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၊ ပုဒ်မ (က)ပါ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးဝင်သော မြေများဖြစ်ပါက ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စနစ်တကျ ပြန်လည် စစ်ဆေးပြီး ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပြီး အလုံးအရင်းနှင့် အင်းမြေအား ၀ယ်ယူသိမ်းသူ ပေါ်ပေါက်ခြင်းဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံသားက ဒီမြေတွေကို ဘာလို့ဝယ်တာလဲ၊ တောင်ယာလုပ်ကိုင် စားသောက်ဖို့ အတွက်ကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလောက် ငွေကြေး အမြောက်အများကြီးနဲ့ ဘာအာမခံချက်ရှိလို့ ၀ယ်ရဲတာလဲ ဆိုတာ စဉ်းစားလို့ရပါတယ်။ နောက်ကွယ်က မမြင်နိုင်တဲ့အရာတွေ ရှိနေပါတယ်။ ဒီလို ရှေးဟောင်း အမွေအနှစ် ဒေသကို ရေပေါ်ဥယျာဉ်တွေ ဟိုတယ်တွေ ဆောက်မယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်နေတယ်။ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကမ္ဘာက ရှေးဟောင်း အမွေအနှစ် ဒေသ အဖြစ် သဘာဝအတိုင်း ရှိနေရမယ့် နေရာကို အဲဒီလိုသာ တိုင်းဒေသကြီး အစိုးက လုပ်ပိုင်ခွင့်ပေးတာ မပေးတာ အသာထား၊ နိုင်ငံခြားသား တစ်ဦးက နောက်ကွယ်ကနေ ကြိုးကိုင် ၀ယ်ယူနေတာကို အရင် ဖော်ထုတ်သင့်တယ်”ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ရေနစ်မြုပ်ပြီး ငါးမွေးအင်းကြီး ဖြစ်ခဲ့ရသော တောင်သမန် အင်းကြီးအား သဘာဝ ရေဝေရေလဲ အင်းကြီး အဖြစ်နှင့်သာ ငါးမွေးမြူခြင်း လုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကြောင်းနှင့် မြေယာများ ပြန်ပေါ်လာပါက တောင်သူများ လုပ်ကိုင်စားသောက်နိုင်ပြီး တောင်သမန် အင်းကြီး အတွင်းမှ မြေယာကွက်များအား တရုတ်နိုင်ငံသား တစ်ဦးမှ ဖြန့်ကျက် ၀ယ်ယူနေခြင်းမှာ ရေပေါ်ဥယျာဉ်၊ ဟိုတယ် ဆောက်လုပ်ရန် ရည်ရွယ်နေကြောင်း သိရသည်။
- ဆွေနိုင်စစ်
(၀ယ်ထားသော မြေများအား တူးဖော်ထားသည်ကို မြင်တွေ့ရစဉ်)

တိုက်ပွဲ ကြမ်းသထက် ကြမ်း လာ ပြီ


ဖါးကန့် ရှေ့တန်း သို့ လက်နက်သယ်လာသော မြန်မာ စစ်ယာဉ်တန်း ဖောက်ခွဲခံရ
====================================================
Laknak Wa Sa Ai Myen Mod0w Yan Hpe KaPaw Kau
========================================
(Lachid Kachin)
၁၉.၁.၂၀၁၅ ရက်နေ့ ကချင် ပြည်နယ် ဖါးကန့် ၊ဥရုဆိုင်းမော် ကေအိုင်တပ်ရင်း (၆) ဒေသရှိ လက်ရှိ တိုက်ပွဲ များ အပြင်း အထန် ဖြစ်ပွားနေ သော ရှေ့တန်း စစ်မြေပြင်
သို့ မြန်မာ စစ်တပ်မှ လက်နက် များ ဖြည့်တင်းရန်အတွက် စစ်လက်နက် များ အပြည့် တင်ဆောင် လာသော မြန်မာ စစ်တပ်၏ယဉ်တန်း လမ်း၌ ဖေါက်ခွဲ ဖျက်ဆီး တိုက်ခိုက်ခံ ရကြောင်း သတင်းရရှိပါသည်။
၎င်း စစ်ယာဉ်တန်း သည်ဖါးကန့် -လောင်ခမ်-ဆိုင်းခ လမ်းအတိုင်း ဖါးကန့် ဂင်ဆီဆိုင်းရာ သို့ လက်နက် များ လာ ရောက် ပို့ဆောင်ခြင်း ဖြစ်ရာ ဂင်ဆီသို့
မရောက်ခင် ဆိုင်းခါ အထက် နားအရောက်တွင် မိုင်းခွဲ တိုက် ခိုက်ခံ ရခြင်း ကြောင့်
၎င်း စစ်လက်နက်အပြည့် တင်ဆောင်လာသော မြန်မာ စစ်တပ် ၏ စစ်ယာဉ်တန်း
မှ စစ်ကား (၅) စီး မှာ လုံးဝ ပျက်စီး သွားကြောင်း ရှေ့တန်း စစ်မြေ ပြင်မှ သတင်းရရှိပါသည်။
ယခု အချိန် သည် ဖားကန့် ဂင်ဆီ ဒေသတွင် ကေအိုင်အေ တပ်ရင်း (၆) နှင့် မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ် များ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေသည်မှာ ယနေ့နဲ့ဆို (၆) ရက်မြောက် ရှိ ပြီ ဖြစ်ပြီး ဤ (၆) ရက် ဖြစ်ပွားသေတိုက်ပွဲများတွင် မြန်မာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း၊ မြန်မာ စစ်တပ်မှ ဗျူဟာ မှူး(၁)ဦး၊ တပ်ရင်းမှူး (၁)ဦး ၊
ဒုတပ်ရင်းမှူး(၁)ဦး တို့ အပြင် အခြင်း အဆင့် များ ရဲ ဘော် များ အများ အပြား ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။ ဓဏ်ရာပြင်းထန်သော တပ်ရင်းမှုး အား (၁၉.၁.၂၀၁၅) ရက်နေ့ (၁း၃၀) အချိန်ခန့ တွင် ဖားကန့် ဗျူ ဟာကုန်း ဖားကန့် မြန်မာ စစ်တပ်မှ စစ်ရဟတ်ယာဉ် ဖြင့် မြစ်ကြီးနားသို့ လာရောက်သယ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ဒဏ်ရာအပြင်း အထန်ရရှိသော မြန်မာ စစ်တပ် မှ ဒုတပ်ရင်းမှူး သည် (၁၈.၁.၂၀၁၅) ရက်နေ့ တွင်သေဆုံးသွား ပြီ ဖြစ် ပြီး ညတွင်းခြင်း၌ပင် လောင်ခမ် ၌ သဂြိုလ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
၎င်း ယာဉ်တန်း တိုက်ခိုက်ခံရသော အချိန်မှာ (၁၉.၁.၂၀၁၅) ရက်နေ့ မွန်းလွဲ
(၂း၃၀ ) အချိန်တွင် ဖြစ်ကြောင်း၊( ၁၉.၁.၂၀၁၅)ရက်နေ့ ညနေ မိုးချုပ်သည်အထိ
အခင်း ဖြစ်ပွားရာနေရာ၌ ပင် ၄င်းကားများ ပျက်စီးမျာ ရှိနေဆဲ ဖြစ်ကြောင်းကို
လည်း ထပ်မံ သိရှိရ ပါသည်။

စေတနာ ၀န်ထမ်း ကျောင်းဆရာလေးနစ်ဦးအာ မြန်မာ စစ်တပ် မှာ အဓမ္မပြုကျင့်သတ်ဖြတ် ခြင်း

Type your summary here. Type the rest of your post here.
Khin Mgoo အသတ်ခံရသူကျောင်းဆရာမနှစ်ဦးထဲမှ တစ်ဦးမှာ စစ်ရှောင်ဒုက္ခသည်ဖြစ်နေ(Kwave) အသတ်ခံရသူ ကျောင်းဆရာမ တစ်ဦးမှာ သာလောကြီးကျေးရွာမှဖြစ်ပြီး ယခုအချိန်တွင် မြစ်ကြီးနားမြို့ရွှေစက် နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင် မိဘများနှင့်အတူ စစ်ရှောင် နေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဝိုင်းမော်မြို့နယ် ဗေသလနှစ်ခြင်းအသင်းတော်မှ ဖြစ်ကြောင်းသတင်းရရှိသည်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မာန်ဝိန်းကြီးနယ်စပ် နမ်တောင်(မ်) နှင့် မုန်းဘော်ကြားရှိ ကောင်းခါးကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘုရားကျောင်းဝင်းနေ KBC မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးအား ဗိုလ်မှုး တစ်ဦး ဦးဆောင်သည့် အစိုးရစစ်တပ် ခမရ (၅၀၃)စစ်သားများမှ အဓမ္မပြုကျင့်ကာ တုတ်ဖြင့်ရိုက်သတ်ထား ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အလောင်းအား မူဆယ်ဆေးရုံတွင် ထားရှိစစ်ဆေးလျက်ရှိပြီး ၄င်းတို့၏ မိသားစုဝင်များနှင့် KBC အတွင်းရေးမှုး ဒေါက်တာခလမ်ဆမ်ဆွန် တို့ ၂၁ ဇန်နဝါရီတွင် မူဆယ်သို့ လိုက်သွားမည်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံ- အသတ်ခံရသည့် ဆရာမ (၂)ဦး၏ရုပ်အလောင်း အားသူမတို့၏နေအိမ်မှ သယ်ထုတ်လာစဉ်။၂၀.၁.၂၀၁၅)

ဝီရသူ အပေါ် နိင်ငံတကာ မီဒီယာ တို့  ရဲ့ အမြင်

Type your summary here. Type the rest of your post here.

ဗိုလ်ကြင် မောင် ( ဗမာပြည်ကွန်မြူနစ်ပါတီ ) ကွယ်လွန်

Type your summary here. Type the rest of your post here.

ဝီရသူသတင်း


Ex-naval officer, trained at the Defense Services Academy, is promoting Wirathu's video on YouTube, where he called UN Special Rapporteur on Human Rights in Burma Professor Yanghee Lee a 'whore' for the Muslims!  ( Dr Zarni )
Deep Dive added 2 new photos — with Maung Kyawnu and 19 others.
ဝီရသူ ဖာသည်မ ဗီဒီယို အား ရိုက်ကူးပြီး အောန်လိုင်းပေါ် ဖြန့်ချီခဲ့သူ မှာ အောက်ပါ ရေတပ်အရာရှိဟောင်းဖြစ်ပါတယ်

အိုက်ဇက် အစွန်းရောက်များ သတင်း

BBC Burmese added 2 new photos.
ISIS ( အိုက်ဇက်စ်)  ဓားစာခံ ဂျပန် ၂ ဦး လွတ်မြောက်ဖို့ အဘေး ကတိပြု

ဂျပန် လူမျိုး ဓားစာခံ ၂ ဦးကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သတ်ဖို့ ခြိမ်းခြောက် လိုက်တဲ့ ဗီဒီယို ထွက်ပေါ် 
လာပြီးနောက် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒီလုပ်ရပ်ကို ရှုတ်ချ လိုက်ပြီး ဓားစာခံ တွေကို ချက်ချင်းြ
ပန်လွှတ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။
ဂျပန် လူမျိုး ဂျာနယ်လစ် တစ်ဦးနဲ့ စစ်ရေး ကန်ထရိုက်တာ တစ်ဦး တို့ကို မနှစ်တုန်းက IS အဖွဲ့က ဖမ်းဆီး 
ခဲ့တာ ဖြစ်ပြီး အဲဒီ ဗီဒီယို ထဲမှာ မျက်နှာဖုံး စွပ်ထားတဲ့ စစ်သွေးကြွ တစ်ဦးက ဒူးထောက် နေတဲ့ သူတို့ ၂ 
ဦး ပေါ်မှာ ဓား ဝှေ့ယမ်းနေတဲ့ ပုံကို ပြထားပါတယ်။
အဲဒီ ဂျပန် ဓားစာခံ ၂ ဦး အတွက် ဒေါ်လာ သန်း ၂၀၀ ပေးဖို့ IS စစ်သွေးကြွ အဖွဲ့က တောင်းဆို ထားတယ်လို့ သိရပါတယ်။
အခုလို ဓားစာခံ တွေကို သတ်ပစ်ဖို့ ခြိမ်းခြောက်မှုဟာ လက်ခံ နိုင်စရာ မရှိကြောင်း၊ အကြမ်းဖက် ဝါဒကို 
အလျှော့ပေးမှာ မဟုတ်သလို ဓားစာခံတွေ လွတ်မြောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း
 ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဂျေရုဆလင်မှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် အဘေးက ကတိပေး ပြောဆို ခဲ့ပါတယ်။

Monday, 19 January 2015

သူတို့ ချီတက်လာပြီ

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (မန္တလေး) စတင် ထွက်ခွာ။
၂၀-၁-၁၅ ။
အမျိုးသားပညာရေး ဥပဒေ ကို ကန့်ကွက်သပိတ်မှောက်ထားသော ကျောင်းသားများ၏ ရက်(၆၀)အလွန်တွင် အစိုးရမှ တစုံတရာ တုန့်ပြန်လာခြင်း မရှိသည့်အတွက် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတ်ီ မှ ကြေညာထားသည့်အတိုင်း ဒီမိုကရေစီပညာရေး တိုက်ပွဲ ကို ပြန်လည် ဆင်နွဲရန် ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်း ဖြင့် မန္တလေး - ရန်ကုန် ခရီးရှည် ချီတက် သပိတ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။
ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး ၊ အိမ်တော်ရာ ဘုရားဝင်း (၁၄)ခန်းဇရပ်ကြီး တွင် စုရုံးလျက် ၂၀-၁-၁၅ နံနက် (၉)နာရီ တွင် စတင်ထွက်ခွာလာပြီ ဖြစ်ပါသည်။ ဤ ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး - ကျောက်ဆည် - မြင်းခြံ - ပခုက္ကူ - မကွေး - ပြည် - ရန်ကုန် ခရီးကို ချီတက်ကြမည် ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ